မရမ်းကုန်း မေ ၁၂
ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်း မြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉:၃၀ နာရီမှ ညနေ၄း၃၀ နာရီအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် သုတစာအုပ်(၇၆၃၀)အုပ်၊ ဝတ္ထုစာအုပ် (၂၇၅)အုပ်၊ မဂ္ဂဇင်း (၄၃၈)အုပ်၊ ဂျာနယ် (၅၂၇)စောင်၊ ကလေးများအကြိုက် ရုပ်ပြစာအုပ် (၅၃၆)အုပ် စုစုပေါင်း(၉၄၀၆) အုပ်နှင့် နေ့စဥ်ထုတ် မြန်မာ့အလင်း သတင်းစာ၊ကြေးမုံသတင်းစာ၊ လစဉ်ထုတ် မဂ္ဂဇင်းများအား မည်သူမဆိုအခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် အလားတူ ရန်ကုန်အနောက်ပိုင်း ခရိုင်အတွင်း ခရိုင်နှင့် မြို့နယ်များရှိ ပြည်သူ့စာကြည့်တိုက်များတွင်လည်း အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)