ကျောက်ဆည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် မေ ၁၃
 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လုံခြုံရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကုန်စည်စီးဆင်းမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ(၃)နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရှိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနများနှင့် ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် လုံခြုံမှု ရှိစေရေး၊ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများရှိခဲ့ပါက သတ်မှတ် ရက်တွင် ကာကွယ်ဆေးများ ထိုးနှံသွားကြစေရေးနှင့် မြို့နယ်အတွင်းရှိကျေးရွာများတွင် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်များ ကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနများမှ လက်ရှိဆောင်ရွက် လျက်ရှိသော လုပ်ငန်းအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အကြောင်းအရာများနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ပြန်လည် တင်ပြဆွေးနွေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)