မိုင်းဆတ်မြို့၌ ဘောလုံးအောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

မိုင်းဆတ် မေ ၁၃ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ အောင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို မေလ ၁၂ ရက် မွန်းလွှဲ (၁)နာရီက မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဟိန်းကျော် က အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးချစ်ကိုကိုက ဘောလုံးအောင်နိုင်ရေးအတွက် လေ့ကျင်ပြင်ဆင်ထားရှိအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကိုပေးအပ်ရာ ခရိုင်အားကစား နှင့်ကာယပညာ ဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးချစ်ကိုကို၊ မြို့နယ်တာဝန်ခံ ဦးမြင့်တင်နှင့် အားကစားသမား များက လက်ခံရယူသည်။ အဆိုပါ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲကို တောင်ကြီးမြို့၌ မေလ ၁၆ ရက်မှ ၃၀ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ မြင့်မောင်(ပြန်/ဆက်)