လယ်ဝေး မေ ၁၃
၂၀၂၀-၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း (အင်ဘုမီးပွိုင့်မှ အမှတ်(၁)ရပ်ကွက် ဆည်မြောင်းဘောင်အထိ) AC နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများကို မေလပထမပတ်မှစတင်၍ ဆောင်ရွက်လျှက် ရှိသည်။
အဆိုပါ AC နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို Moon Ray ကုမ္ပဏီမှ တာဝန် ယူဆောင်ရွက်လျှက်ရှိပြီး ကတ္တရာလမ်း အရှည်ပေ(၁၁၈၈၀)၊ အကျယ်(၃၂)ပေနှင့် အမြင့်(၃) ပေဖြင့် နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါ AC နိုင်လွန်ကတ္တရာလမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လယ်ဝေးမြို့အတွင်းမှ ဖြတ်သန်းသွားလာသော လမ်းသွားလမ်းလာပြည်သူများ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းမှ သွားလာနေသောခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်ကြီးများအတွက် အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)