သတင်းများ

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ
May 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
May 17,2021
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့ရှိ သုမင်္ဂလာဈေး ( ဈေးလေး )နှင့် သီရိမင်္ဂလာဈေးတို့အားမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ ( ၈ ) နာရီက တာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ ဈေးအတွင်း / အပြင်တို့အား မီးသုံးစွဲမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည် ။
ကန်ကြီးထောင့်မြို့နယ်တွင် အိုလံပစ်နေ့အထိမ်းအမှတ် ရပ်ကွက်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
May 17,2021
ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်တွင် အိုလံပစ်နေ့အထိမ်းအမှတ် ရပ်ကွက်အလိုက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မြို့နယ်ဘောလုံးအားကစားကွင်းတွင် မေလ ၁၅ ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲများကျင်းပခဲ့သည်။ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ တိုင်းအားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး ဦးအောင်သိန်းဝင်းနှင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့် ရှု အားပေးခဲ့ကြသည်။
မိတ္ထီလာမြို့နယ်၌ အင်ဂျင်နီယာဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် Drawing and Estimate သင်တန်းဆင်းပွဲကျင်းပ
May 17,2021
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်တွင် အင်ဂျင်နီယာဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် Drawing and Estimate သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အမှာစကား ပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသားများအား ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။