ပြင်ဦးလွင် မေ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့ရှိ သုမင်္ဂလာဈေး ( ဈေးလေး )နှင့် သီရိမင်္ဂလာဈေးတို့အား မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ ( ၈ ) နာရီက တာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ ဈေးအတွင်း / အပြင်တို့အား မီးသုံးစွဲမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည် ။ ပြင်ဦးလွင်မြို့ရှိ သုမင်္ဂလာဈေး ( ဈေးလေး )နှင့် သီရိမင်္ဂလာဈေးတို့ရှိ ဈေးသူ / ဈေးသားများဈေးအတွင်း/ အပြင် မီးသုံးစွဲမှု အခြေအနေ ၊ သန့်ရှင်းသာယာလှပရေး ၊ သောက်သုံးရေကောင်းမွန်စွာ ရရှိရေးနှင့် မီးသတ်ရေလှောင်ကန်များ ထားရှိမှု အခြေအနေတို့အား ဒုမီးသတ်ဦးစီးမှူး ဦမင်းကိုကို ဦးဆောင်၍မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဈေးကော်မတီဝင်များ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည် ။
ခရိုင်ပြန်/ဆက်