တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

 

တာချီလိတ် မေ ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တာချီလိတ်(အခြေချ)စစ်ဗျူဟာ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်းက သင်တန်းသူများကို အားပေးအမှာ စကားပြောကြားခဲ့သည်။ သင်တန်းကို တာချီလိတ်မြို့တပ်နယ်၊ တပ်ရင်း တပ်ဖွဲ့များမှ အမျိုးသမီးများတက်ရောက်ခဲ့ကြပြီး သင်တန်းသူ ၂၄ ဦး ရှိကြောင်း၊ သင်တန်းကို ို နေ့စဉ်နံနက် ၉ နာရီမ ှညနေ ၄ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊  သင်တန်းကာလမှာ ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊စက်တင်ဘာလ ၁၇ ရက်နေ့ထိ ရက်သတ္တပတ် ၁၈ ပတ်ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ စစ်ဗျူဟာမှူးနှင့် တပ်မတော်တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ၊  ဧည့်သည်တော်များက သင်တန်းတွင် ခင်ကျင်းပြသထား သော သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများဖြင့် ချုပ်လုပ်၊ ယက်လုပ်ထားသော အဝတ်အထည်များ၊ စားပွဲတင် အလှကုန် ပစ္စည်းများကို ကြည့်ရှုလေ့လာ ခဲ့ကြသည်။

 

အမျိုးသမီးငယ်လေးများအတွက် အိုးမကွာ အိမ်မကွာ တစ်ဖက်တစ်လမ်းမှ သက်မွေးလုပ်ငန်း ပညာရပ်ဖြင့် ဘဝရပ်တည်နိုင်ရေး အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍  ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးရီလာခင်ထံမှ သိရသည်။

 

 

ယာဆေး(ပြန်/ဆက်)