ရွာသစ်မြို့၊ ဝမ်လွဲ့ကျေးရွာ၌ ရွှေပြည်ငြိမ်းချမ်းစေတီတော် တည်ထားကိုးကွယ် ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပ

 
ရွာသစ် မေ ၁၇
 
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ရွာသစ်မြို့ ဝမ်လွဲ့ကျေးရွာ၌ ရွှေပြည်ငြိမ်းချမ်း စေတီတော် တည်ထား ကိုးကွယ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား
ကို ယနေ့နံနက်ပိုင်းက ဝိမုတ္တသုခဝမ်လွဲ့ဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ကြောင်း သိရသည်။
 
အဆိုပါ ပန္နက်တင် မင်္ဂလာအခမ်းအနားကို လွိုင်ကော်မြို့ ပုဗ္ဗာရုံကျောင်း ဆရာတော်မှ ဦးဆောင်၍ ဆရာတော် သံဃာတော်များ၊ ရွာသစ်မြို့ ရပ်မိရပ်ဖ
များ၊ စေတနာရှင် အလှူရှင်များက စုပေါင်း၍ တည်ထားကိုးကွယ်မည့် ရွှေပြည် ငြိမ်းချမ်း စေတီတော်အား ဌာပနာပစ္စည်းများ ထည့်သွင်းလှူဒါန်းခြင်း၊ ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့်ေသန့်ခြင်းများ ဆောင်ရွက်ပြီး စေတီတော်အား တည်ထားကိုးကွယ်ရန်အတွက် ပန္နက်တင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
 
ရွာသစ်(ပြန်/ဆက်)