ဇီးကုန်းမြို့နယ်၌နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

 
ဇီးကုန်း မေ ၁၇
 
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက် ၈နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့် လမ်းဆုံ၌ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
 
အဆိုပါနှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု အသွင် ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်း(၃၀၀)ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
 
တင့်ဆွေ(ပြန်ဆက်)