မိတ္ထီလာ မေလ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်တွင် အင်ဂျင်နီယာဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် Drawing and Estimate သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အမှာစကား ပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသားများအား ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံများ လျားထားဆောင်ရွက်ရာတွင် မြေပြင်အနေအထားအပေါ်မူတည်၍ လုပ်ငန်းဒီဇိုင်းပုံများ တိကျပြည့်စုံစွာ ရေးဆွဲလာနိုင်ပြီး ခန့်မှန်းခြေတွက်ချက်မှုများ ဆောင်ရွက်လာနိုင်ရန်အတွက် ၂၀၂၀-၂၀၂၂ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် Drawing and Estimate သင်တန်းအား မိတ္ထီလာခရိုင်နှင့် ခရိုင်ကွပ်ကဲမှုအောက်ရှိ (မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်)မြို့နယ်များရှိ အင်ဂျင်နီယာဝန်းထမ်း (၁၅)ဦးအား မေလ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ virtual စနစ်ဖြင့် Two Stroeyed RCC Building ၊ Culvert ၊ Causeway ၊ Bridge ၊ Road ၊ Well စသည့်ဘာသာရပ်များကို သင်ကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်