မိုးညှင်းမြို့တွင် အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်
May 17,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။