စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
May 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာမြင့်ကျော်၏ "ခယောင်းလမ်းမှသည် ပန်းလွင်ပြင်ဆီသို့'' စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် မိတ်ဆွေ အပေါင်းအသင်း တိုးပွားခြင်း၊ စာပေဗဟု သုတများတစ်ဦးနှင့်တစ်ဦး အပြန်အလှန် အတွေ့အကြုံများ ဖလှယ်နိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။