သတင်းများ

ခရမ်းမြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 15,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် ၉ နာရီက ပဲခူး-ခရမ်း-သန်လျင် ကားလမ်းဘေး၌ ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jun 15,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လည်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ အနှေးယာဉ်(ဆိုက်ကား) လိုင်စင်များ သက်တမ်းတိုးခြင်း ဆောင်ရွက်‌ပေး၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ပွင့်လင်းစေရေး မျှော်လင့်
Jun 15,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် အနှေးယာဉ်(ဆိုက်ကား)လိုင်စင်များ သက်တမ်းတိုးပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
Jun 15,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက်က မြို့မဈေးနှင့် မြို့လယ်လမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကော့ကရိတ်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီး
Jun 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ တောင်သူကြီးများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ကော့ကရိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မေ ၂၆ရက် နေ့မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ သိန်းတစ်ထောင်ကျော် ထုတ်ချေးပေးထားပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဒုကြီးကြပ်ရေးမှူး ဦးသန်းမြင့်ထံမှ သိရသည်။
သုံးခွမြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြသ
Jun 15,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၊ မီးသတ်တပ်ဖွဲ့၀င်များက မီးဘေးန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှူ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအပြင်၊ သဘာဝဘေးအန္တရာယ်များ ကျရောက်မှု ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ရှာ ဖွေကယ်ဆယ် ရေးလုပ်ငန်းများလက် တွေ့သရုပ်ပြသခဲ့ ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၌ ယာဉ်မတော်တဆမှုဖြစ်ပွား
Jun 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ တညင်းကုန်းလမ်းဆုံ၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကားနှင့် ဆိုင်ကယ် မတော်တဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Jun 15,2021
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၁ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဘောလုံးပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် လက်ရွေးစင် အမျိုးသားဘောလုံး အသင်းအား အောင်နိုင် ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကော်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။