တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

တောင်တွင်းကြီး  ဇွန်  ၁၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက်က မြို့မဈေးနှင့် မြို့လယ်လမ်းဆုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

“တောင်တွင်းကြီးမြို့နေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ဖြစ်ပွားချိန်တွင် ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေနဲ့ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ မပေါဆဖို့ ယနေ့နံနက်ပိုင်းက Mask Campaign ပြုလုပ်ရခြင်းဖြစ်ပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်တချို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများပြားလာတာကို တွေ့ရှိရပါတယ်၊ တောင်တွင်းကြီး မြို့နယ် အနေနဲ့လည်း ကြိုတင်ကာကွယ်မှုအပိုင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ​ကြိုတင်ကာကွယ် ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေနဲ့ Mask Campaignပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူရှိန်းက ပြောသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းသွား လမ်းလာ ပြည်သူများအား Mask (၁၀၀၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် Mask တပ်ဆင် သွားလာ ကြရန် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)