သတင်းများ

ဘားအံခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်
Jun 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများ စာပေဗဟုသုတပြည့်စုံစေရန်၊ အားလပ်ချိန်တွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉:၃၀) အချိန်တွင် ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေသတွင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Jun 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို ယမန်နေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကာလိမြို့တွင် စာဖတ်ပရိသတ်များရှိရာသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jun 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့ အထကောင်းများ တိုးပွားစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များရှိရာ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံပေး
Jun 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်မြို့နယ် ဘက်စုံသုံး ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် (၅)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ် ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး ထိုးနှံပေး    
Jun 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ် ဆေးများထိုးနှံဆောက်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျောက်မွဲကျေးရွာနှင့် စွယ်အင်း ကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွား ကောင်ရေ(၄၅၀)အား ပေါင်ပုတ်၊ လက်ပုတ် ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အခြေခံပညာကျောင်းများဖွင့်လှစ် ပညာသင်ကြားနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး
Jun 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် စေတုတ္တရာမြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်းများဖွင့်လှစ်ပညာသင်ကြားနေမှု အခြေအနေ များအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။