အင်းစိန်မြို့နယ်၌ ယာဉ်မတော်တဆမှုဖြစ်ပွား

ရန်ကုန် ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ တညင်းကုန်းလမ်းဆုံ၌ ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကားနှင့် ဆိုင်ကယ် မတော်တဆယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားနှင့်ဆိုင်ကယ် ယာဉ်မတော်တဆ ဖြစ်ပွားရာနေရာသို့ ကြက်ခြေနီအသင်း(အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၁)စီးဖြင့် သွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသွားသော ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးအား ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြက်ခြေနီ အသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် ကျန်းမာ ရေးစောင့် ရှောက်မှုပေးလျက်ရှိကြောင်း၊ လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေး လျက်ရှိကြောင်း သိရသည်။ ဇွဲထက်ကို