သုံးခွ ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၊ မီးသတ်တပ်ဖွဲ့၀င်များက မီးဘေးန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှူ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအပြင်၊ သဘာဝဘေးအန္တရာယ်များ ကျရောက်မှု ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ရှာ ဖွေကယ်ဆယ် ရေးလုပ်ငန်းများလက် တွေ့သရုပ်ပြသခဲ့ ကြောင်းသိရသည်။
မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော "မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်" ဆောင်ပုဒ်နှင့်အညီ မီးဘေးအန္တရာယ်မှာရာသီ မရွေးဖြစ်ပွားနိုင်သဖြင့်ကြိုတင်ကာကွယ်နိုင်ရန် လေ့ကျင့်ခန်းများ အပတ်စဉ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးပြည့်ဖြိုးဟန်၏ လမ်းညွန်စီစဉ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြ ကြောင်းသိရှိရသည်။