လှိုင်းဘွဲ ဇွန် ၁၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လည်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းကို လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း က လှိုင်းဘွဲမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈၅)အုပ်စုတွင် လူမှုရေးပင်စင်အကျိုး ခံစားခွင့်ရှိသော အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် အတွင်း သက်ကြီးဘိုးဘွားတစ်ဦးလျှင်(၃၀,၀၀၀)ကျပ်နှုန်းဖြင့် လှိုင်းဘွဲမြို့နယ်တွင် အဘိုး(၂၄၁)ဦး၊ အဘွား(၃၆၃)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၈,၁၂၀,၀၀၀)၊ ပိုင်ကျုံမြို့တွင် အဘိုး(၁၂၆)ဦး၊ အဘွား (၂၂၈)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၀,၆၂၀,၀၀၀)၊ ရှမ်းရွာသစ်မြို့တွင် အဘိုး(၂၇)ဦး၊ အဘွား(၄၆) ဦးအတွက် ထောက်ပံ့ငွေ(၂,၁၉၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀,၉၃၀,၀၀၀)ကျပ်ကို သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်များ၊ တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများထံ လက်ဝယ် အရောက် ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)