ချောက်မြို့နယ်တွင် ယခုနှစ်မိုးရာသီ ပျိုးပင်ပေါင်း ၄၂၁၀၀ ကျော် အခမဲ့ ဖြန့်ဝေစိုက်ပျိုး သွားမည်
Jun 15,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးရာသီ သစ်ပင် စိုက်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် ဒေသနှင့် ကိုက်ညီသည့် ယူကလစ်၊ ကုက္ကိုလ်၊ တမာ၊ ယင်းမာ၊ မယ်ဇလီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ဗန်ဒါ၊ သစ်ဆိမ့်၊ လျှော်ဖြူ၊ မန်ကျည်း၊ ရေတမာ၊ ထနောင်း အရိပ်ရနှစ်ရှည်ပင်များကို ပျိုးထောင် ထားရှိပြီး ပျိုးပင်ပေါင်း (၄၂၁၀၀) အခမဲ့ဖြန့်ဝေ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။