ခရမ်း ဇွန် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် ၉ နာရီက ပဲခူး-ခရမ်း-သန်လျင် ကားလမ်းဘေး၌ ကျင်းပခဲ့သည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင်ခရမ်းမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကိုဝင်း နှင့်အဖွဲ့ဝင်များ၊ မြိုနယ်လမ်းဦးစီးဌာန ( AE ) ဦးခင်မောင်ထွန်းနှင့်ဝန်ထမ်းများ၊ ခရမ်းမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ဦးဆန်းမော်နှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ တက်ရောက်၍မဟော်ဂနီ ( ၁၀၀ )ပင်၊ မန်ဂျန်ရှား ( ၆၀ ) ပင်၊မဟော်ဂနီ ( ၅၀ )ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။
ခရမ်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်များဖြစ်သော ကျွန်းပင်၊ မဟော်ဂနီပင်၊ ပျဉ်းမပင်၊ မန်ဂျန်ရှားပင်၊ နံ့သာနီပင် အပါအဝင် ပျိုးပင်စုစုပေါင်း ( ၁၀၀၀၀ )အား ခရမ်းမြို့နယ် (မြို့မ) ပျိုးဥယျာဉ်များတွင် ပျိုးထောင်ထားရှိပြီး ယခုနှစ်မိုးရာသီ၌ ရုံးဌာနများ၊ စာသင်ကျောင်း များ၊ ရပ်ကွက်၊ ကျေးရွာများတွင် သစ်ပင်စိုက်ပျိုးကြမည့် အသင်းအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင်များ (အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )