ကွမ်းလုံ ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး က ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာများနှင့် ပက်သက်၍ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ဥပဒေအရာရှိ ဦးထွဋ်မြတ်ဦး က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီရိကျော် က လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးခင်းစ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)