စေတုတ္တရာ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ် ဆေးများထိုးနှံဆောက်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျောက်မွဲကျေးရွာနှင့် စွယ်အင်း ကျေးရွာများရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွား ကောင်ရေ(၄၅၀)အား ပေါင်ပုတ်၊ လက်ပုတ် ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာဇော်မျိုးအောင် ဦးဆောင်၍ ကျောက်မွဲကျေးရွာနှင့် စွယ်အင်းကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျွဲနွားများအား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံရသည့် အကြောင်းအရင်းများ၊ ကျွဲ၊ နွားများတွင် ဖြစ်ပေါ် တတ်သည့် ရောဂါများ အကြောင်း၊ ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်းကာလအတွင်း တိရိစ္ဆာန်များတွင် ဖြစ်ပေါ် တတ်သည့် ကူးစက်ရောဂါများအကြောင်းနှင့် ရောဂါလက္ခဏာများ တွေ့ရှိရပါက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ချက်ခြင်းဆက်သွယ်ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အဆိုပါ ကျွဲ၊ နွား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသိပညာ ပေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေ သေးသော ကျေးရွာများတွင်လည်း ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)