ကာလိမြို့တွင် စာဖတ်ပရိသတ်များရှိရာသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကာလိ   ဇွန်  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့ အထကောင်းများ တိုးပွားစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များရှိရာ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍  စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးနှင့် ဝန်ထမ်းများတို့က ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်၍ ဗဟုသုတဖြစ်ဖွယ် သုတ၊ ရသ စာအုပ်အသစ်များ ရက်သတ္တပတ် တစ်ပတ်အကြာ ငှားရမ်းပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)