ပင်လောင်း ဇွန် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်မြို့နယ် ဘက်စုံသုံး ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မတ်လ (၁၀)ရက်နေ့တွင်စတင်ဆေးထိုးနှံပေးပြီး ပင်လောင်းမြို့ နယ်အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ လူထုများအား ပထမအကြိမ်အဖြစ် ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ပေါင်းလောင်းမြို့ရှိ စုရပ်အသီးသီးတွင် စုစုပေါင်း ၅၆၄၄ ဦးအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပညာရေးဌာနမှ ဆရာများက ကာကွယ်ဆေး ထိုးနှံမည့်သူများအား စာရင်းကောက်ယူရေးသွင်းခြင်း၊ ဆေးထိုးမှတ်တမ်း လက်မှတ်ထုတ်ပေးခြင်း၊ မြို့နယ်ကုသရေးနှင့်ပြည့်သူကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံမည့်သူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)