ဘားအံ ဇွန် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများ စာပေဗဟုသုတပြည့်စုံစေရန်၊ အားလပ်ချိန်တွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉:၃၀) အချိန်တွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကရင်ပြည်နယ်ရုံးမှ အကြီးတန်းစာရေး ဦးစောအယ်လင်းက ဇွန်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ရေနံ့သာမောင်ကျော်ညွန့်ရေးသားသည့် “အလိမ္မာ စာမှာ ရှိ” သည် ဆောင်းပါ၊ နိုင်ငံဝန်ထမ်းဆိုင်ရာ စံတန်ဖိုးများ ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး၊ ဘားအံခရိုင်ရုံးမှ အကြီးတန်းစာရေး ဒေါ်နန်းကြူကြူသန်းက ဇွန်လ ၁၃ ရက်နေ့ထုတ် ကြေမုံသတင်းစာပါ အထူးကဏ္ဍတွင် လင်းနွေးအိမ် ရေးသားသည့် “ ပန်းချိုးလို၍ ပန်းပျိုးသူ မဖြစ်စေ ချင် ” ဆောင်းပါးဖြင့် ဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်စောလင်းနှင့် ဝန်ထမ်းများက ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ကရင်ပြည်နယ်ရုံးနှင့်ဘားအံခရိုင်ရုံးမှ ဝန်ထမ်းများဖြင့် အပတ်စဉ်အင်္ဂါနေ့တိုင်း ဆောင်ရွက်လျက်ရှိပြီးဝန်ထမ်းများမှ အလှည့်ကျပါဝင်ဆွေးနွေး ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)