ကျိုင်းတုံမြို့တွင်  ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာနှင့်  ထိတွေ့ခဲ့သူများအား RDT Testkit ဖြင့် ပထမအကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိ

ကျိုင်းတုံ ဇွန် ၁၆

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ဇွန် ၁၄ ရက်နှင့် ၁၅ ရက်က ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနတွင် RDT Testkit ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်းသိရသည်။

 အဆိုပါ အတည်ပြုလူနာသည်  ဇွန်လ ၉ ရက်နှင့် ၁၀ ရက်က ကျိုင်းတုံမြို့တွင် တည်းခိုနေထိုင်ခဲ့ပြီး တောင်ကြီးမြို့သို့ ပြန်လည်ရောက်ရှိစဉ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ကျိုင်းတုံမြို့တွင် ၎င်းနှင့်ထိတွေ့ခဲ့သော တည်းခိုသည့်နေရာမှ  ၁၈ ဦး နှင့် စတိုးဆိုင်တစ်ဆိုင်မှ ၁၁ဦး တို့အား အသွားအလာကန့်သတ်ထားရှိပြီး ဇွန် ၁၄ ရက်နှင့်၁၅ ရက်ကကျိုင်းတုံ​မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်  RDT Testkit ဖြင့် ပထမအ​ကြိမ်စစ်ဆေးဆောင်ရွက် ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်းသိရှိရသည်။

အဆိုပါအတည်ပြုလူနာနှင့်ထိတွေ့ခဲ့သော သူများကို ဇွန်လ ၁၈ ရက်တွင် RDT Testkit ဖြင့် ဒုတိယအကြိမ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်အောင်