နွားထိုးကြီး ဇွန် ၁၆
နွားထိုးကြီးမြို့၊အမှတ်(၂)ရပ်ကွက်အတွင်းရှိ ချိုင်းနားကျောင်းတိုက် မိဘဂုဏ်ရည် ဓမ္မဗိမာန်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပါဠိပထမပြန်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာ တော်များအား ပူဇော်သည့်စူဠဘွဲ့နှင်းသဘင်အောင်လတ်မှတ် ကပ်လှူပွဲကျင်းပခဲ့ကြောင်းသိရ သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက ဆရာတော် ဦးသောဘနထံမှ သီလခံယူပြီး မြို့နယ်သာသနာရေးမှူး ဦးလှဝင်းနိုင်မှ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားသည်။ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာများ၊ အလှူရှင်များက အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ မူလတန်းများမှ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်သော သံဃာတော်များ၊သီလရှင်ဆရာလေးများ စုစုပေါင်း (၄၆)ပါးကို ဘွဲ့တံဆိပ်တော်နှင့် လှူဘွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်