မလှိုင်၊ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့ပူးပေါင်း၍ အသက် မွေး ဝမ်းကျောင်းအထောက်အကူပြုကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေးကျင့်စဉ် (GAHP) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကံသစ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည် ။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စုစုက သင်တန်းဖွင်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ တင်စိုးနိုင်က ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေးကျင့်စဉ် (GAHP) သင်ခန်းစာများအကြောင်းကိုရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက် က မွေးမြူရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်၊ လိုက်နာရမည့် သင်ထောက်ကူ စာရွက်စာတန်းများကို သင်တန်းသား များထံပေး အပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား(၇ဝ) ဦးတက်ရောက်ခဲ့ပြီး ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေး ကျင့်စဉ် (GAHP) သင်တန်း တက်ရောက်ခြင်းဖြင့် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များကို သိရှိပြီး စနစ်တကျ မွေးမြူ လုပ်ကိုင်နိုင်မှာဖြစ်ကြောင်း သို့မှသာ အရည်အသွေးကောင်းမွန်ပြီးဘေးအန္တရာယ်ကင်းရှင်း သောမွေးမြူရေး ထုတ်ကုန် များရရှိမှာဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံစေရန်လည်းများစွာအထောက် အကူ ဖြစ်စေမှာဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)