ပန်လုံမြို့ မြို့မဈေး၌ Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်

ပန်လုံ  ဇွန်လ ၁၆

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့အုပ်ချုပ်‌ရေးမှူး ဦးအာကာထွန်းသိန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ “ဝ”ယဉ်ကျေးမှုအဖွဲ့၊ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့တို့က Covid-19
ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်း၊ စျေးဝယ်ပြည်သူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့်အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ပန်လုံမြို့တွင် Covid-19 ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား သိရှိလိုက်နာရေး၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါများ မဖြစ်ပွားစေရေးကျန်းမာရေးအသိဖြင့် သိရှိလိုက်နာဆောင်ရွက်သွားကြရန် “ဝ” ၊ကိုးကန့်၊ ရှမ်း ဘာသာစကားတို့ဖြင့် ယဉ်ကျေးမှုအဖွဲ့များက အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

ပန်လုံ(ပြန်/ဆက်)