မလှိုင်၊ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီ ခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက ပန်းခင်းစီမံချက်ဖြင့် လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအကြာင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျေးရွာ(၁၄)ရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၆၉)ခုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း ၊အဖွဲ့ဝင်(၂) ဦးကျော်ငြိမ်း ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မြို့နယ်ဦးစီးမှူးဦးဌေးဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များထံပေး အပ်ခဲ့သည်။
အဆိုပါနေ့က နှောကန်၊ မှရိုး၊ အုတ်ဖိုကန်၊ အမှတ်(၃)ရပ်ကွက်၊ ကူကြီး၊ ထန်းပင်ကန်၊ ကမ္ဘားဖြူ၊ ကုန်းတဲ ၊ ကံတွင်း၊ ရေထွက်၊ ရုံးတော၊ နတ်စင်ကုန်း၊ သပြေပင်၊ အိုင်မရိုးစသည့် ကျေးကျေးရွာ(၁၄) ရွာမှ အသက်(၁၆) နှစ်နှင့် (၁၈)နှစ်ကြား(၈၅)ဦး၊ အသက်(၁၈)နှစ်နှင့် အထက်(၁၈၄) ဦး၊ စုစုပေါင်း(၂၆၉ ) ဦးကို ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)