ကျိုက်ထို ဇွန် ၁၆
သထုံခရိုင်၊ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းမော်က အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေးက ဒေသခံပြည်သူများအနေနဲ့ မိုးဦးလေဦးကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးကြိုးအန္တရာယ်၊မုန်တိုင်း ဘေးအန္တရာယ်၊ရေဘေးအန္တရာယ်တို့နှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ ဘေးအန္တရာယ်ကြုံလာပါက လတ်တလောစား၀တ်နေရေး အဆင်ပြေ စေရေးအတွက် ထောက်ပံ့မှုအခြေအနေများ၊ကယ်ဆယ်ရေးပစ္စည်း အသင့်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သဘာဝဘေးအန္တရာယ်မကျ ရောက်မီကြိုတင်ကာကွယ်နိုင်ရေး၊ ဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းရေးဆိုင်ရာ ပညာပေးခြင်းနှင့်သတိပေးနှိုး ဆော်ခြင်း များကို ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
သန်းသန်းမော်