မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ရေလမ်းခရီးသွား ပြည်သူများ အား Life Jacket စနစ်တကျဝတ်ဆင်ရေးအသိပညာပေး

မြောက်ဦး  ဇွန်  ၁၆

 

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အနေဖြင့် မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့များမှ ရေလမ်းခရီးဖြင့် သွားလာကြသော ပြည်သူများ ကျောင်း သား/သူများနှင့် မြို့မဈေးကြီးသို့ ဈေးဝယ်ရန်လာ ရောက်ကြသော ကျေးလက်နေပြည် သူများ အနေဖြင့် အသက်ကယ်အင်္ကျီ   (Life Jacket)များ စနစ် တကျဝတ်ဆင်အသုံး ပြုတတ်စေ ရန် ယမန်နေ့ နံနက် ၉ နာရီက တောက်ရပ်ရပ်ကွက် ဘားဘူတောင်စက်လှေဆိပ်၌ လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

 

အဆိုပါ  Life Jacket စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရေး အသိပညာပေးလက်တွေ့ သရုပ်ပြရာသို့ မြောက်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ဘားဘူတောင်စက်လှေဆိပ်နှင့်ဘုတ်ဆိပ်များ၌ မြောက်ဦးမြို့ မြို့မ ဈေးကြီးသို့ ကုန်ရောင်း၊ ကုန်ဝယ်လာရောက်ကြသော အနီးအနားပတ်ဝန်းကျင် ကျေးရွာများမှ ရေလမ်းခရီးဖြင့် ဈေးရောင်းဈေးဝယ်ရောက်ရှိလာကြသော ပြည်သူများအနေဖြင့်အား မိုးရာသီ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အသက်ကယ်အင်္ကျီ (Life Jacket)များ စနစ် တကျဝတ်ဆင် အသုံးပြုတတ်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြဝတ် ဆင်ပြသခြင်း၊ ခရီးသွားပြည်သူများအနေဖြင့် (Life Jacket)များအားစနစ်တကျ လက်တွေ့ဝတ် ဆင်ခြင်း များ အား လက်တွေ့ပြသပေးခြင်းများဆောင် ရွက်ခဲ့သည်။ ဆက်လက်၍ ဒုမြို့နယ်မီး သတ်ဦးစီးမှူးက မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ မုတ်သုန်လေဝင်ရောက်ပြီး လေပြင်းတိုက် ခတ်ခြင်း၊ မုန်တိုင်းဝင် ရောက်တိုက်ခတ်နိုင်ခြင်း၊ လတ်တလောမြစ်ရေကြီးခြင်းများ ဖြစ်ပေါ် လာနိုင်သဖြင့် ကျေးရွာများသို့ ရေလမ်း ခရီးဖြင့်ပြေးဆွဲပေးနေသော စက်လှေပိုင်ရှင်များအား Life Jacket မပါရှိပါက ဝယ်ယူဆောင် ရွက်ထားရှိရေးအသိပညာပေးခြင်းနှင့် Life Jacket အသက် ကယ်အင်္ကျီအသုံးဝင်ပုံများအား ခရီးသွားပြည်သူများအနေဖြင့် နားလည်သဘောပေါက် စေရန် ဒုမြို့နယ်မီးသတ်ဦးစီးမှူးမှ ရှင်းလင်း ပြော ကြားခဲ့ကြောင်းသိရှိရ သည်။

       

ခင်မောင်ထွန်း