လမိုင်းမြို့၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ

လမိုင်း ဇွန် ၁၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင်၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၆ရက်နေ့ နံနက် ()နာရီက လမိုင်းမြို့ဘဲလမုကျေးရွာ၊ ကျေးရွာပိုင်တစ်အုပ်တစ်မ စိုက်ခင်း နေရာအတွင်းပြုလုပ်ရာ သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၁ဝဝ)ပင်၊ မဟော်ဂနီ(၁၅ဝ)ပင်၊ ပျဉ်းကတိုး(၁ဝဝ)ပင်၊ ငုဝါ (၁ဝဝ)ပင်၊မန်ဂျန်ရှား(၁ဝဝ)ပင်၊ကံ့ကော်(၅ဝ)ပင်စုစုပေါင်း ပျိုးပင် (၁၆ဝဝ)ပင်ကို စုပေါင်း စိုက်ပျိုး ခဲ့ကြပြီး၊ လူသားမျိုးနွယ်နှင့် ကမ္ဘာမြေရှင်သန်ရပ်တည် နိုင်ရေးအတွက် သဘာဝ ဂေဟာစနစ်ကို ပြန်လည်ထူထောင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသည့် အနေဖြင့် သစ်ပင် စိုက်ပျိုး ပွဲတော်ကို နှစ်စဉ်ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

လမိုင်း