မူဆယ် ဇွန် ၁၆ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မူဆယ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန် ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ မူဆယ်မြို့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ ကာကွယ်ဆေးတစ်လုံးလျှင် တစ်ဦးနှုန်းဖြင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပထမအကြိမ် ထိုးနှံပေးခဲ့ရာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အယ်လ်စိုး(မူဆယ်)