လမိုင်းမြို့၌ သဘာဝဘေးအန္တရာယ်နှင့် သစ်တောကဏ္ဍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

လမိုင်း ဇွန် ၁၆

မွန်ပြည်နယ်၊ လမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့်သစ်တောကဏ္ဍအသိပညာပေးဆွေးနွေးပွဲ(Talk show)ကို ယနေ့ နံနက် ၁၀နာရီခန့်က လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးဒေါ်တင်ဇာစိုးက(Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ရေးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းများ၊ ရေးမြို့နယ်မှ တောအုပ် ဦးနေအေးကသစ်ပင်စိုက်ခြင်းရဲ့အကျိုးကျေးဇူးများ၊ လမိုင်းမြို့မှတောခေါင်းဦးကျော်စိုးက မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းအကြောင်းနှင့်ပတ်သက်ပြီး ပြည်သူလူထုများ အသိပညာတိုးပွားစေရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

လမိုင်း(ပြန်/ဆက်)