သတင်းများ

ကျိုင်းတုံမြို့၌ ၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ
Jul 13,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၇၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် ဟောပြောပွဲကို ဇူလိုင် ၁၃ ရက်က ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ဘိုကလေးမြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲ
Jul 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ်တွင် ဇူလိုင် (၁၂) ရက်နေ့တွင် မိုးသည်းထန်းစွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ဘိုကလေးမြို့နယ်ရှိ နေရာအသီးသီး၊ ရပ်ကွက်အသီးသီးတို့တွင် သစ်ပင်များလဲကျ၍ လူသွားလမ်းများ ပိတ်ဆို့ခြင်း၊ လူနေအိမ်ပေါ်ပိခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ဘုတ်ပြင်းမြို့၌ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 13,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်ဥပဒေဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (ဘုတ်ပြင်း) ကျောင်း နဝရတ်ခန်းမ၌ ပြုလုပ်သည်။
ကလေးဝမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ငှက်ပျောပင်စိုက်ပျိုးပွဲပြုလုပ်
Jul 13,2026
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေး အဟာရဖြည့်စွတ်စားအဖြစ် ငှက်ပျောသီးကျွေးမွေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ငှက်ပျောပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ပြုလုပ်ခဲ့သည်။
ကသာမြို့နယ်၌ ငှက်ပျောပင်စိုက်ပျိုးပွဲကျင်းပ
Jul 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာအဖြစ် ငှက်ပျောသီးများ ကျွေးမွေးနိုင်ရန်အတွက် ငှက်ပျောပင်များစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက အထက(ခွဲ)လ(၁)ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဆိုင်ရာများအသိပညာပေးဆွေးနွေးဟောပြော
Jul 13,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေ ပြည်သူများယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အလေးထား လိုက်နာတတ်စေပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂၆) ဖွင့်လှစ်
Jul 13,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်၊ အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဇူလိုင် (၁၃) ရက် နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သည်။