စဉ့်ကိုင်မြို့နယ်၌ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်
Jul 13,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စဉ့်ကိုင်မြို့နယ်အတွင်းရှိ လူသုံးကုန်နှင့် စားသောက်ကုန်များ ရောင်းချသည့် အရောင်းဆိုင်များအား ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတံဆိပ်များ ပြည်စုံစွာပါဝင်မှုရှိစေရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့နေ့လယ် ၁၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။