မိတ္ထီလာ၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂ဝ၂၆) ဖွင့်လှစ်

မိတ္ထီလာ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ရေးသင်တန်းအမှတ် (၁/၂ဝ၂၆) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးရှိ ခန်းမတွင် ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စန်းနိုင်ထွန်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

၎င်းနောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးစက်ကိရိယာပစ္စည်းများနှင့် ခေတ်မီရှာဖွေကယ်ဆယ်ရေးယာဉ်များ ခင်းကျင်းပြသထားမှုကို လိုက်လံရှင်းလင်းပြသရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ကော်မတီဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးသည်။ အဆိုပါသင်တန်းအား ရက်သတ္တပတ်နှစ်ပတ်တာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းသို့ မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့်ဝမ်းတွင်းမြို့နယ်များမှ သင်တန်းသားစုစုပေါင်း ၅ဝ ဦး တက်ရောက်ကြောင်း သိရသည်။  

ချမ်းသာ