မော်လိုက်မြို့ အ.မ.က(၂)ကျောင်း၌ ငှက်ပျောပင်စိုက်ပျိုးပွဲကျင်းပ

မော်လိုက်       ဇူလိုင်     ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊‌ မော်လိုက်ခရိုင် မော်လိုက်မြို့၌၊ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေးအာဟာရ ဖြည့်စွက်စာအဖြစ် ငှက်ပျောသီးကျွေးမွေးနိုင်စေရေးအတွက်  ရည်ရွယ်၍ ငှက်ပျောပင် စိုက်ပျိုးပွဲကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က  အမှတ်(၂) အခြေခံပညာမှုလတန်းကျောင်းဝင်း၌ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငှက်ပျောပင်စိုက်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘအုပ်ထိန်းသူများက ဖီးကြမ်းငှက်ပျာပင် စုစုပေါင်း(၁၀၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ငှက်ပျောပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ကိုထက်(ပြန်/ဆက်)