ဘူးသီးတောင် အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက်ကျန်ရှိ နေသည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်ရှိနေသည့်ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကိုစုရပ် အသီးသီးထားရှိကာ ယနေ့နံနက်( ၉)နာရီအချိန်မှဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုကိုမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဉီးစီးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများက ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြ သည့် ကျောင်းသား/ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျကူညီဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးကာ မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေပညာကျောင်းများမှ အသက်၁၂နှစ်အထက်ကိုဗစ်- ၁၉ရောဂါကာကွယ် ဆေးထိုးနှံမည့်ကျောင်းသား/ကျောင်းသူ (၈၅၉၃)ဦး ရှိပြီးအောက်တိုဘာလ(၁၆)ရက်နေ့မှ စတင်ထိုးနှံပေးလျက် ရှိရာ(၂၈)ရက်နေထိ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးသူ(၇၂၈၀)ဦး ရှိကြောင်း သိရသည်။
လှကျော်