မောင်တော အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား/သူ များအား (ပထမ)အကြိမ်အဖြစ် ယမန်နေ့နံနက် ၉ နာရီအချိန် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများမှ စာရင်းများမှတ်ယူခြင်း၊ မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက လာ ရောက်ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား နှာခေါင်း စည်းများ ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေပြီး ကာကွယ်ဆေးထိုးနှံနေမှုများအား ဌာနဆိုင်ရာများ ၊ ကျောင်းအုပ် ဆရာ/မကြီးများ ၊ ဆရာ/မများ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။
မောင်တောမြို့နယ်အခြေခံပညာကျောင်းများရှိ စုရပ်(၅၃)နေရာတွင် ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၁၂) နှစ် အထက် ကျောင်းသား/သူ (၇၂၉၇)ဦးရှိပြီး (ပထမ) အကြိမ်အဖြစ် အောက်တိုဘာ ၁၇ ရက်နေ့ မှ ၂၉ ရက်နေ့အထိ အသက်(၁၂)နှစ် အထက် ကာကွယ်ဆေးထိုးနှံပြီးစီးသူ ကျောင်းသား/သူ စုစုပေါင်း (၅၂၁၅) ဦး အား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံ ပေးပြီး ကြောင်း သိရသည်။
သက်လွင်စိုး