မင်္ဂလာဒုံ အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက် စျေးရှိစျေးသူ၊ စျေးသားများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိRDT ဖြင့်(အခမဲ့)စစ်ဆေး ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဝါယာလက်စျေးရှိစျေးသူ၊စျေးသားများအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ရယူ၍ စစ်ဆေးပေးခဲ့ကြောင်းသိရသည်။ အဆိုပါကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိစစ်ဆေးရာတွင် စျေးသူ၊ စျေးသား စုစုပေါင်း(၂၅၅)ဦးအား စစ်ဆေးပေးခဲ့ပြီးစစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်မှု များနှင့် အညီ ဆောင်ရွက်ပေးခဲ့၍ရောဂါပိုးတွေ့ရှိသူမရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်ရောဂါပိုးရှိ၊ မရှိစစ်ဆေးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦအောင်မြင့်ကြိုင်လမ်းညွှန်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဝင်းဝင်းမာဦးဆောင်သည ကျန်းမာရေး ဝန်ထမ်း များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းဦးနှင့်အဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီ အသင်းအဖွဲ့များနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကိုဗစ်ရောဂါစစ်ဆေးလို သူများကို နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ်ရယူ၍ RDT ဖြင့်(အခမဲ့)စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
သန္တာ