လမ်းမတော် အောက်တိုဘာ ၃၀
ရန်ကုန်အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင် “ပန်းခင်းစီမံချက်” အသိပညာပေး Talk Showကို ယနေ့ နေလယ်(၁)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍မြို့နယ်(ပြန်/ဆက်)ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show အစီစဉ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးကြည်ဝင်းနိုင်ကပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ နိုင်ငံတဝှမ်းစတင်ခဲ့ပြီး ရည်ရွယ်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်း၊ ဥပဒေအရ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးနိုင်ငံသားတစ်ယောက်အဖြစ် ခိုင်မာအတည်ပြုနိုင်ရန်နှင့် နိုင်ငံတော်၏ အနာဂတ် ရှေ့လုပ်ငန်းများမှာမရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစစ်ဆေးရေးကတ် များကိုင်ဆောင်နိုင်အောင် တစ်နိုင်ငံလုံး အရှိန်အဟုန်နှင့်ဆောင်ရွက်သည့် စီမံချက်ဖြစ်ကြောင်း၊ အဓိက လူနေထိုင်မှုပုံစံ(၄)မျိုးနှင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
အဆိုပါပုံစံ(၄)မျိုးအနက် ပထမတစ်မျိုးမှာ လက်ရှိဇာတိဒေသတွင်အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိ သူများ၊ မှတ်ပုံတင်မရှိသူများ၊ ဒုတိယတစ်မျိုးမှာလက်ရှိဇာတိဒေသ တွင်အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်း မရှိသူများ၊ မှတ်ပုံတင်မရှိသူများ၊ တတိယတစ်မျိုးမှာ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိသူများ ၊လက်ရှိဒေသတွင် မှတ်ပုံတင်မရှိသူများ၊ စတုတ္ထတစ်မျိုးမှာရွှေ့ပြောင်း နေထိုင် သူတွေအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းမရှိသူများ၊လက်ရှိဒေသတွင် အိမ်ထောင်စု စာရင်းမရှိသူများနှင့် မှတ်ပုံတင် မရှိသူများအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးအထက်ပါ လူနေမှုပုံစံတွင် အကျုံးဝင်သည့် မြို့နယ်အတွင်းရှိပြည်သူများသိရှိဆောင်ရွက်နိုင်ရေးအတွက်လူစည်းကားနေရာများဖြစ်သည့်ဈေးများတွင်အသိပညာပေးပိုစတာများချိတ်ဆွဲခြင်း|အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းအပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ညှိနှိုင်းပြီးရပ်ကွက်အလိုက်ရုံးသို့လားရောက်ဆောင်ရွက်ပေးခြင်းကိုပိတ်ရက်မရှိဆောင်ရွက်ပေးခြင်း|ကွင်းဆင်းဆောင်ရွက်ပေးခြင်းဆောင်ရွက်မှုတို့ကို၂၀၂၁ခုနှစ်ဒီဇင်ဘာလ၃ရက်နေ့အထိဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်ဆန်းမြင့်