သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ

သုံးခွ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး‌၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာန ဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ ကိုလည်း ယခုလိုကြားသိခဲ့ရပါတယ်။

ဦးသိန်းထွန်း (ညောင်လန်းကုန်းကျေးရွာ)

ကျွန်တော်ကတော့ သုံးခွမြို့နယ် ညောင်လန်းကုန်းကျေးရွာ အ.ထ.က‌ ကျောင်းမှ ကျောင်း‌စောင့် ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ သြဂုတ်လ ၄ ရက်နေ့မှာ  ကျွန်‌တော်ကိုယ့်ကိုယ်ကိုယ်  သံသယ စရှိလာတဲ့အခါ အိမ်သူအိမ်သားတွေနှင့် ခွဲနေပါတယ်၊ နောက်ပိုင်းချောင်း ဆိုးတယ်၊ အစားအသောက် မစားချင်ဘူး၊  မောလည်း မောတယ် စတဲ့ သံသယလက္ခဏာတွေ ဖြစ်ပေါ်နေတဲ့အတွက်   သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာနမှာ ကိုဗစ်ပိုးရှိ/မရှိ သွားရောက် စစ်ဆေးခဲ့တဲ့ အခါမှာ ရောဂါပိုးတွေ့ရှိတဲ့အတွက်‌ကြောင့် မြို့နယ်ကိုဗစ်ကုသရေး စင်တာ မှာဘဲ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ကျွန်တော်က ကိုဗစ်-၁၉ ပိုးတွေ့ရှိ ပေမဲ့အနံ့ မပျောက်ဘူး၊‌ ပထမဆုံးချောင်းဆိုးတယ်၊ မောတဲ့လက္ခဏာ ကိုခံစားရတဲ့အတွက် ဩဂုတ် ၅ ရက်နေ့မှာပဲ သုံးခွမြို့နယ် ကျန်းမာရေးဌာနမှ စစ်ဆေးကြည့်တော့ ကိုဗစ်ပိုးတွေ့ရှိပြီး အဲ့နေ့မှာပဲ ကိုဗစ် ကုသရေးစင်တာမှာ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီလို့ ကိုဗစ်ကုသရေးစင်တာမှ စတက်တဲ့ နေ့မှာပဲ မောတယ်၊ အစားလဲ မစားချင်ဘူး၊ ချောင်းတွေလဲဆိုးတာကို ဩဂုတ် ၉ ရက်နေ့ အထိ ဒီရောဂါဝေဒနာကို ခံစားခဲ့ရပါတယ်။ ကိုဗစ်စင်တာရဲ့ စောင့်ရှောက်မှုနဲ့အတူ ကျွန်တော်ဟာ ကျန်းမာရေးဂရုတစိုက် နေထိုင်ခဲ့တဲ့အတွက် ၁၀ ရက်‌နေ့ နောက်ပိုင်းမှာ  မောတာလဲ သက်သာလာတယ်၊ အစားလဲဝင်လာတယ်၊ ဒီလိုနဲ့တဖြေးဖြေး ၁၄ ရက်ပြည့်တဲ့ အထိ ကုသရေးစင်တာမှာနေခဲ့ပါတယ်၊ ကျန်းမာရေးကောင်းမွန်ပြီး ၁၄ ရက်ပြည့်တဲ့ နေ့မှာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကျွန်တော်နေထိုင်ရာ ညောင်လန်းကုန်းကျေးရွာ ကျွန်တော် နေအိမ်ကို လိုက်ပါပို့ ဆောင်ပေးခဲ့ပါတယ်။ နေအိမ်ကိုရောက်ရှိပေမဲ့လည်း ကျွန်တော် မိသားစုနဲ့ ခွဲခွာပြီးတော့ သီးသန့်နေအိမ်မှာ Stay Home(၇)ရက်‌ ထပ်ပြီး နေထိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီရောဂါဟာကူးစက်မြန် ရောဂါဖြစ်တဲ့အတွက် လုံးဝပျောက်ကင်းတဲ့ အထိ ကျွန်တော်မိသားစုနဲ့ရော ကျေးရွာသူ၊ ကျေးရွာသားတွေ့နဲ့ပါ ထိစပ်မှုမရှိအောင် နေ တာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော် မောတာလဲမရှိတော့ဘူး အစားအသောက်တွေလဲ ပုံမှန်ပြန်စားနိုင်နေပါပြီဖြစ် ပါတယ်။

မိဘ ပြည်သူများအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေဖို့ အပြင်ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြဖို့၊ လက်ကို မကြာခဏ ဆေးကြောကြဖို့၊ လူထပ်သော နေရာများကို ရှောင်ကြဉ်ကြဖို့၊ အာဟာရဖြစ်စေတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ကြဖို့၊ အိပ်ရေးဝအောင် အိပ်ကြဖို့နဲ့ ဆေးလိပ်လဲ မသောက်ဖို့ပြောချင်ပါ ကျွန်တော်က ဆေးလိပ် သောက်တတ်တော့ အမောမခံနိုင်တာ ဆေးလိပ်သောက်ခြင်းကြောင့်လို့ ထင်ပါတယ်။ အရက် သေစာတွေလဲ မသောက်ဖို့ တိုက်တွန်းအပ်ပါတယ်။ ဒီလိုရောဂါတွေကို ကာကွယ်နိုင် ဖို့အတွက် နိုင်ငံတော်အစိုးရ‌က နေပြီးတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ပြည်သူ‌တွေကို သက်ဆိုင်ရာ ဦးတည်အုပ်စုအလိုက် ကာကွယ်‌ဆေးတွေ ထိုးပေးနေပါတယ် ကျွန်တော်တို့ ရွာမှာ ဆိုရင်လည်း  ကာကွယ်ဆေးတွေကို ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအထိ ကာကွယ်‌ဆေးများ လာရောက်ထိုးပေးနေပါပြီ ကျွန်တော်ဆိုရင်လည်း ကာကွယ်ဆေး မထိုးရ‌သေးတဲ့အတွက် ဒီရောဂါကို အပြင်းအထန်ခံစားခဲ့ရပါတယ် အခုဆိုရင် နှစ်ကြိမ်‌မြောက် ကာကွယ်ဆေးထိုးပြီးပါပြီ။ အဲ့ဒီအတွက် ဒီလိုရောဂါဆိုးကြီးက‌‌နေကင်းဝေး နိုင်ဖို့ ယခုလက်ရှိထိုးပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို ပြည်သူများအနေဖြင့် မပျက်မကွက် ကာကွယ်ဆေးကို ထိုးနှံကြပါလို့ ထပ်မံတိုက်တွန်း ချင်ပါတယ်၊ ကျေးဇူးတင်ပါ တယ်။

စည်သူလင်း ပြန်/ဆက်