စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အောက်စီဂျင်စက်ရုံဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီးနှင့်အဖွဲ့ တက်ရောက်

စလင်း  အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အောက်စီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၉နာရီအချိန် က ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအောက်စီဂျင်စက်ရုံဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဆင်ဖြူကျွန်းမြို့ တိုက်နယ်ဆရာဝန်ဒေါက်တာ ကျော်ထက်အောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြပြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ ကျော်ထက်အောင် က အောက်စီဂျင်စက်ရုံ စတင်တည်ဆောက်ခဲ့သည့် ၁၇..၂၀၂၁ ရက်နေ့တွင် ပန္နက်တင်အခမ်းအနားပြုလုပ်၍ ၂၂..၂၀၂၁ရက် နေ့တွင် OMni industrsl ကုမ္မဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ၃၀..၂၀၂၁ရက်နေ့တွင် အောက်စီဂျင်စက်ရုံကို အပြီးတည်ဆောက် တပ်ဆင်ခဲ့ကာ ..၂၀၂၁ ရက်နေ့က စမ်းသတ်မောင်းနှင်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ အောက်စီဂျင်စက်ရုံ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ဆင်ဖြူကျွန်းမြို့ ဦးကျော်ဗလနှင့်ဇနီး ဒေါ်နွယ်နီဝင်းမိသားစု မတည်ငွေကျပ် သိန်း၃၀၀ဖြင့် စတင်တည်ဆောက်ခဲ့ကာ မိသားစုဆွေမျိုးများ၏ ထည့်ဝင်လှူဒါန်းငွေကျပ် သိန်း၇၅၀ကျော်ဖြင့် မတည်ခဲ့ကြပြီး ဆင်ဖြူကျွန်းမြို့နယ်သူ နယ်သားအများကောင်းမှု လှူဒါန်းငွေကျပ် သိန်းနှစ်ထောင့်တစ်ရာ ကုန်ကျခဲ့ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဉီးစိုင်းမြင့်အေး ပေးအပ်ခဲ့ပြီး စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အောက်စီဂျင်စက်ရုံရှေ့တွင် အမှတ်တရ ဓာတ်ပုံများရိုက်ခဲ့သည်။ အဆိုပါစက်ရုံမှ တစ်နာရီလျှင်  ၄၀လီတာဝင်ဆံ့အိုး အောက်စီဂျင် လုံး ရရှိမည်ဖြစ်ကြောင်း သိရသည်။

မောင်လွင်(စလင်း)