မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မိုင်းလုံ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင် ရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့‌ပေါ် ရပ်ကွက်များသို့ သွားရောက်၍‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန် အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်း မပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်း များကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း နှာခေါင်းစည်း (Mask) များကို  စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံရှိသူမျာ၊ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက် အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ် ၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး  ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် စသည့်လိုက်နာ‌ရမည့်အချက်များကို နှိုးဆော်ဆောင်ရွက်ပေးလျက် ရှိသည်။

မိုင်းလုံမြို့တွင် (၁၈-၇-၂၀၂၁) ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါပိုး‌တွေ့ရှိခဲ့ရာ ကျန်းမာရေးပြန်ကောင်းလာ၍ ဆေးရုံဆင်းခွင့်ရ သူ (၂၀၇)ဦး၊ ဆေးကုသမှုခံယူသူ (၁၇) ဦး၊ သသေဆုံးသူ(၇) စုစုပေါင်း(၂၃၁)ဦးရှိကြောင်း မိုင်းလုံတိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 ဇော်ဇော်(ပြန်/ဆက်)