ကျောက်မဲမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆက်လက် ထိုးနှံးပေးလျက်ရှိ

ကျောက်မဲ အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး (Sinopharn) ပထမ အကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် ကာကွယ်‌ဆေး  ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် မြို့ကျက်သဆောင်ခန်းမနှင့် ကွန်ဖြူးကျောင်းတို့၌ မြို့နယ်အတွင်းရှိ အသက် ၅၀ နှစ်အထက် ပြည်သူများအား   ကာကွယ်ဆေး ဒုတိယအကြိမ်ကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ရှိ ပြည်သူ ၂၀၂၅၅ ဦးအား Sinopharm ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို စက်တင်ဘာ ၁၉ ရက်နေ့မှ   အောက်တိုဘာ ၁၅ ရက်နေ့အထိ ဦးတည်အုပ်စုအလိုက် ထိုးနှံပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးသူများကို သတ်မှတ်ရက်ချိန်းအလိုက်  အောက်တိုဘာ ၁၇ ရက်နေ့မှစ၍ ကာကွယ်ဆေး ဒုတိယအကြိမ်  ဆက်လက် ထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၂၇ ရက်နေ့အထိ ပြည်သူ ၆၇၃၅ ဦးအား ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ ဆေးထိုးရန်လာရောက်သော ပြည်သူများအား      ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက  စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)