ကြို့ပင်ကောက် အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ လူမှုဖူလုံရေးအဖွဲ့ရုံးတွင် လူမှုဖူလုံရေး ဥပဒေနှင့် အညီ ကျန်ရစ်သူ အကျိုးခံစားခွင့်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Kojima Iryo Myanmar Co.Ltd မှ အာမခံအလုပ်သမား၏ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် (၄၃၂၀၀၀၀) ကျပ်အား မြန်မာ့စီပွားရေဘဏ် ငွေထုတ်ချက်လက်မှတ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်စိုးထက်၊ မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံးခွဲတာဝန်ခံ ဒေါ်နီလာကျော်နှင့် တာဝန်ရှိသူများက ကျန်ရစ်သူမိသားစုဝင်ထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ကြို့ပင်ကောက်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံးမှ ပထမဆုံးပေးအပ်ရသော ကျန်ရစ်သူ အကျိုးခံစားခွင့်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ရုံးတွင် လပေါင်း(၆၀)နှင့်အောက် ထည့်ဝင်ကြေး ပေးဆောင်ထားသူ၏ ခံစားခွင့်ရရှိသော နောက်ဆုံးလေးလ ပျမ်းမျှလစာအဆ(၃၀)ကို အာမခံ အလုပ် သမား၏ ကျန်ရစ်သူမိသားစုထံ ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးခွဲ တာဝန်ခံ ဒေါ်နီလာကျော်ကပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)