ဇလွန် အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ၂၀၂၁ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို မေရီလန်းကျေးရွာအုပ်စု တောင်သူဦးစောရေမီ၏ လယ်မြေတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်သူ ဦးစောရေမီ၏ လယ်မြေတွင် ဆင်းသုခမိုးစပါး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧက အထွက်တင်းအစိုချိန်တင်း ၁၃၆.၇၀ ၊ အခြောက်ချိန် ၁၂၈.၅၀ တင်းထွက်ရှိကြောင်းသိရသည်။ အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)