မိုင်းငေါ့ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့ မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ရေး လုပ်ငန်း များကို အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ ရော ဂါ ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာ သူတစ်ဦး ၏ ရင်တွင်း စကားသံ အချို့ကိုဖော်ပြလိုက်ပါသည်။
ကျွန်မ အမည်က ဒေါ်ငွေရီ ဖြစ်ပါတယ်၊ အသက် (၅၇) နှစ်ပါ၊ အရောင်း အဝယ်လုပ် ကိုင်ပါတယ်၊ ဈေး ရပ်ကွက်မှာနေထိုင်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ဘယ်လိုစဖြစ်လည်း ဆိုတော့ စဖြစ်ဖြစ်ချင်း ချောင်းအရမ်း ဆိုးတယ် ပြီးတော့ အနံ့တစ် ဖြေးဖြေးပျောက် လာတယ်၊ လူက နှုံးလာတယ် ကိုယ်လက် တွေညောင်းညာ ကိုက်ခဲလာတယ် နောက်ပြီး ဖျားလာတယ် အဲ့ဒါကြောင့်မို့ အ.ထ.က ကျောင်း မှာ ဩဂုတ်လ (၂၀) ရက်နေ့ က ကိုဗစ်-၁၉ ရောဂါ ပိုး ရှိမရှိ သိရအောင် သွားရောက် စစ်ဆေးခဲ့တယ် ၊ RDT Test Kit ဖြင့်စစ် ဆေးကြည့်တော့ ရောဂါပိုး ရှိနေတယ်ဆိုတာသိရတဲ့ အတွက် နေအိမ်မှာ Home Quarantine (၁၄)ရက် နေထိုင်ပါတယ်၊ အဲ့ဒီနေ့မှာပဲ အောက်ဆီဂျင်က(၂) ရက်လောက် ကျသွားတယ် အိပ်မပျော်ဘူး အစာလည်း မစားချင်ဘူး၊ အစား စားရင်လည်း ရေနွေးဖြူ နဲ့ ထမင်း ဖျော် ပြီး မျောချရတယ် အဲ့ရောဂါ ဝေဒနာကို (၁၂)ရက် လောက်ခံစားရတယ် အောက်ဆီဂျင် ဒီထက် ပိုမကျ သွားအောင် တစ်ရက်ကို (၃)ကြိမ် လေ့ကျင့်ခန်း လုပ်တယ် အဲ့လို လေ့ကျင့်ခန်း ပုံမှန်း လုပ်ရာကနေ အောက်ဆီဂျင်က (၂) ရက်အတွင်း ပြန်တက်လာတယ် အိပ်ပျော်တယ် အစား အသောက်တွေ လည်း ပုံမှန်ပြန် စားကောင်းလာတယ် ကြက်စွပ်ပြုတ်၊ ငှက်သိုက် တို့ကို လည်းသောက်တယ် ကျန်းမာရေး နဲ့အညီ နေထိုင်တယ် ဆေးလည်း ပုံမှန်သောက်တယ် အဓိက ကျွန်မ ပြောချင်တာက ကိုဗစ်-၁၉ ဖြစ်နေတဲ့ အတွင်းမှာ ကိုယ်ခံအား ကောင်းဖို့ ပါ၊ စိတ်ဓာတ် လုံးဝမကျပါနဲ စိတ်ဓာတ်ကျ နေရင်တော့ ကိုဗစ် ရောဂါကြီး ကိုကျော်ဖြတ် နိုင်မှာ မဟုတ်ပါဘူး အားရှိတဲ့ အစာတွေ လည်းများများ စားပေးပါ လေ့ကျင့်ခန်း တွေလည်း ပုံမှန်လုပ်ကြပါ ကျန်းမာရေး ညွှန်ကြားချက်များ ကိုလည်းလိုက်နာကြပါ အပြင်ထွက်တိုင်း Mask နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြပါ အပြင်က ပြန်လာတိုင်း လက်ကို ဆေးကြော ကြပါလို့ ကျွန်မ အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်ရှင်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)